AGTI ဒီပလိုမာလက်မှတ်မှာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)၌ ဖွင့်လှစ်သင်ကြားလျှက်ရှိသော အထူးပြုဘာသာရပ်များတွင် ပညာသင်ကာလ(၃)နှစ် အောင်မြင်ပြီးမြောက်ပြီးမှာသာ ရရှိသောလက်မှတ် ဖြစ်ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)တွင် ပေးအပ်လျှက်ရှိသော ဒီပလိုမာလက်မှတ်များမှာ
- ဒီပလိုမာ(မြို့ပြ)
- ဒီပလိုမာ(လျှပ်စစ်စွမ်းအား)
- ဒီပလိုမာ(စက်မှု)
ကာလတိုသင်တန်းဆင်းလက်မှတ်မှာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံများ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၌ ဖွင့်လှစ်သင်ကြားနေသော ကာလတိုသင်တန်းများတွင် တက်ရောက်အောင်မြင်ပြီးမြောက်ပြီးမှာသာ ရရှိသောလက်မှတ် ဖြစ်ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)တွင် ပေးအပ်လျှက်ရှိသော ကာလတိုသင်တန်းဆင်းလက်မှတ်များမှာ
- အခြေခံကွန်ပျူတာသင်တန်း
- အခြေခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း
- အခြေခံအုတ်စီသင်တန်း
- အခြေခံလက်သမားသင်တန်း
- အခြေခံဂဟေဆက်သင်တန်း
- အခြေခံဒစ်ဂျစ်တယ်အီလက်ထရောနစ်သင်တန်း
AGTI ဒီပလိုမာလက်မှတ် | ကာလတိုသင်တန်းဆင်းလက်မှတ် |