အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကို ၂၀၀၉ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၆/၂၀၀၉)မှ ခွင့်ပြုချက်အရ (၅.၅.၂၀၀၉)နေ့တွင် အသစ်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကို ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။
တည်နေရာ နှင့် အကျယ်အဝန်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ ပူတာအိုမြို့တောင်ဘက် ပူတာအို-မြစ်ကြီးနားလမ်းဘေး ဒုတ္တန်ရေကန်အနီး ဒုတ္တန်ရပ်ကွက်(၅)တွင် တည်ရှိပါသည်။
ကျောင်းမြေနေရာ အကျယ်အဝန်းသည် ကျောင်းစတင်တည်ထောင်စဉ်မှာ (၅)ဧကရှိပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလတွင် (၅)ဧက တိုးချဲ့ခွင့်ရရှိခဲ့ပါသဖြင့် စုစုပေါင်း (၁၀)ဧက ဖြစ်ပါသည်။
- နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့က သက်မွေးပညာရပ်ကို ပထမတန်းစားပညာရပ်ဟု ရှုမြင်လာသည်အထိ အဆင့်မြင့်တင်ပေးသွားရန်တို့ ဖြစ်ပါသည်။
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
---|---|---|---|
၁။ | ဦး သန်းခိုင် | B.E(Mech) | ၂၀၀၉ |
၂။ | ဒေါက်တာသင်းသင်းမော် | Ph.D(Mech) | ၂၀၀၉ |
၃။ | ဒေါက်တာမင်းမင်းဦး | Ph.D(EP) | ၂၃.၅.၂၀၀၉ မှ ၂.၇.၂၀၁၀ ထိ |
၄။ | ဒေါက်တာဆန်းလှိုင်ဦး | Ph.D(EC) | ၃.၇.၂၀၁၀ မှ ၂၇.၁၁.၂၀၁၁ ထိ |
၅။ | ဒေါက်တာမျိုးမင်းသန့် | Ph.D(Mech) | ၉.၂.၂၀၁၁ မှ ၂၁.၈.၂၀၁၁ ထိ |
၆။ | ဦး ဩဩကျော် | M.E(Mech) | ၂၁.၈.၂၀၁၁ မှ ၃၀.၆.၂၀၁၇ ထိ |
၇။ | ဦး ဝင်းမင်းဆန်း | M.E(EP) | ၃၁.၆.၂၀၁၇ မှ ၁၉.၅.၂၀၁၈ ထိ |
၈။ | ဦး မောင်မောင်သန့် | M.E(EC) | ၁၉.၅.၂၀၁၈ မှ ယနေ့ထိ |