ပထမနှစ်သင်တန်းတွင် သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
- Basic Electricity
- Basic Analog Electronic
Basic Electricity _ လျှပ်စစ်၏ အခြေခံသဘောတရားများ Voltage, Current, Electric Equipments များအကြောင်းသိရှိစေရန် ထည့်သွင်းသင်ကြားပေးပါသည်။
Basic Analog Electronic _ AC and DC Supply များ, Diodes and Application, Logic Gate များအကြောင်းသိရှိစေရန် ထည့်သွင်းသင်ကြားပေးပါသည်။
ပထမနှစ်သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများမှာ
- AC & DC Power Supply
- Resistors, Capacitor, Diodes
- Multimeter (Analog & Digital )
- Project Board တို့ဖြစ်ပါသည်။
ဒုတိယနှစ်သင်တန်းတွင် သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
- Electrical Wiring Design and Illumination
- Electrical Machine
- Generation, Transmission and Distribution
- Electrical Engineering Circuit Analysis
Electrical Wiring Design and Illumination _ Wire Size များရွေးတတ်စေရန်၊ မီးအလင်းအားများ တွက်ချက်တတ်စေရန်၊ Earthing System များအကြောင်းသိရှိစေရန်၊ Breaker Size များရွေးတက်စေရန် စသည်တို့ သင်ကြားပါသည်။
Electrical Machine _ Generator and Motor တို့၏ တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံ အဆင့်ဆင့်ကို နားလည်သိရှိစေရန်၊ Generator နှစ်လုံးကို အပြိုင်ချိတ်ဆက်၍ အလုပ်လုပ်ပုံကို သိရှိနားလည်စေရန် သင်ကြားရပါသည်။
Generation, Transmission and Distribution _ Eenergy ရရှိအောင်ထုတ်လုပ်နည်း အဆင့်ဆင့်၊ ရရှိလာသော Energy မှလျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပုံအဆင့်ဆင့်၊ လျှပ်စစ်စွမ်းအင်များ ဖြန့်ဖြူးထုတ်လုပ်ပုံ တို့ကိုသင်ကြားရသောဘာသာ ဖြစ်ပါသည်။
Electrical Engineering Circuit Analysis _ Method of Analysis များ ၊ Bridge Networks and Delta-Wye Conversation များ၊ Network Theorems များ အကြောင်းကိုလည်း သင်ကြားပေးပါသည်။ AC Power နှင့် Resonance အကြောင်းများကိုလည်း EECA ဘာသာရပ်၌ ထည့်သွင်းသင်ကြားပေးပါသည်။
ဒုတိယနှစ်သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများမှာ_
- NI Card
- Virtual Bench
- Computer
- Multimeter
- Conduit Pipe
- Trunking
- Wires တို့ဖြစ်ပါသည်။
တတိယနှစ်သင်တန်း၌ သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
- Electrical Estimating
- Electrical Machine
- Generation, Transmission and Distribution
- Electrical Safety and Protection
- Industrial Motor Control
Electrical Estimating _ Wiring Installation အတွက်လိုအပ်သော စက်ပစ္စည်းများနှင့် ကုန်ကျစရိတ်တွက်ခြင်း၊ တစ်ယူနစ် ကုန်ကျစရိတ်တွက်ခြင်း၊ တစ်ယူနစ် ပေးဆောင်ရမည့်နှုန်းတွက်ခြင်း စသည်တို့ သင်ကြားပေးပါသည်။
Electrical Machine _ Motor Connection နှင့် အသုံးပြုပုံသိရှိစေရန်၊ Transformer Connection နှင့် အသုံးပြုပုံ သိရှိစေရန် စသည်တို့ သင်ကြားပေးပါသည်။
Generation, Transmission and Distribution _ လျှပ်စစ်ဓာတ်အားပေး စနစ်တစ်ခုတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့် ဖြူးခြင်းအပိုင်းများကို နားလည်သိရှိစေရန်၊ Transmission System အသုံးပြုသော Cable များအကြောင်း သိရှိနားလည်စေရန် သင်ကြားရပါသည်။
Electrical Safety and Protection ဘာသာသည် Human Body မှ လျှပ်စီး ခုခံနိုင်ပုံ၊ Electric Shock မှကာကွယ်နည်းတို့ကို သင်ကြားရသောဘာသာရပ် ဖြစ်ပါသည်။
Industrial Motor Control _ Push buttons, sensor, magnetic contactor, over load relay, timer, relay, etc. တို့၏ အခြေခံသဘောတရားများ၊ ၎င်းတို့၏ သင်္ကေတများကို သင်ကြားရပါသည်။ Direct on line, Forward/ Reverse motor control, Sequence motor control, Star/Delta motor control တို့၏ ladder diagram များ ၊ power circuit များ Wiring diagram များရေးဆွဲခြင်း၊ ၎င်းတို့၏ operation system များကိုပါ သင်ကြားပေးပါသည်။ PLC ဘာသာရပ်တွင် Direct on line, Forward / Reverse motor control, Sequence motor control, Star/ Delta motor control, etc. အစရှိသော operation system များ၏ circuit များကို computer ဖြင့် ရေးဆွဲရသည့် Programming အပိုင်းကို သင်ကြားရခြင်း ဖြစ်ပါသည်။
တတိယနှစ်သင်တန်းအတွက် Practicalသင်ကြားရန် လိုအပ်သော သင်ထောက်ကူပစ္စည်းများမှာ_
- Magnetic Contactor
- Overload Relay
- Timer, Push, Buttons, Pilot lamps
- Motor
- PLC Trainer Board
- Computer
- Aluminum Rail, Trail
- Transformer Core and Coil တို့ ဖြစ်ကြပါသည်။
သင်ရိုးညွှန်းတမ်း (Course) & စာသင်ချိန် (Class Time)
စာသင်ချိန်တစ်ချိန် | (၀၁:၀၀)နာရီ |
တစ်ရက်စာသင်ချိန် | (၇)ချိန် |
ရက်သတ္တပတ်စာသင်ချိန် | (၃၅)ချိန် |
တစ်နှစ်စာသင်ရက်သတ္တပတ် | (၃၆) ပတ် (စာမေးပွဲအချိန်နှင့် ကိုယ်ပိုင်စာကြည့်ချိန်အပါအ၀င်) |
အရည်အချင်းသတ်မှတ်သည့်စနစ် (Grading System)
- Exam Marks (81-100) Grade-A
- Exam Marks (61-80) Grade-B
- Exam Marks (41-60) Grade-C
- Exam Marks (21-40 Grade-D
- Exam Marks (0-20) Grade-E