အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ AGTI(Civil) Diploma အောင်လက်မှတ်ရရှိရန် (၃)နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး တစ်နှစ်လျှင် စာမေးပွဲ (၂)ကြိမ် ဖြေဆိုရမည် ဖြစ်ပါသည်။ မြို့ပြအင်ဂျင်နီယာဘာသာရပ်၏ သင်ကြားမှုစနစ်မှာ လက်တွေ့ ၆၀% နှင့် စာတွေ့ ၄၀% ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်ကျောင်းသားများမှာ သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် လေ့လာရေး ကွင်းဆင်းရပါသည်။ ဒုတိယနှစ်ကျောင်းသားများမှာ ကျောင်းတွင်း Project Show ပြိုင်ပွဲပြုလုပ်ပါသည်။ တတိယနှစ်ကျောင်းသားများမှာ လုပ်ငန်းခွင်လေ့လာရေး (Internship) ၃လ ဆင်းရပါသည်။ တတိယနှစ်စာမေးပွဲကို အရည်အချင်းပြည့်မှီစွာ အောင်မြင်သူများသည် သက်ဆိုင်ရာနည်းပညာတက္ကသိုလ်များသို့ ဆက်လက်ပညာသင်ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
သင်ရိုးညွှန်းတမ်း (Course)
သင်တန်း | သင်ကြားရမည့် ဘာသာရပ်များ | တစ်ပတ် စာသင်ချိန် |
ပထမနှစ် | * Building Materials & Construction * Civil Engineering Drawing * Workshop | ၂ ၆ ၈ |
ဒုတိယနှစ် | * Structures * Building Materials & Construction * Fluid Mechanics * Roads & Bridges * Elementary Surveying * Civil Engineering Drawing * Workshop | ၃ ၂ ၃ ၂ ၆ ၆ ၆ |
တတိယနှစ် | * Design of Concrete Structure * Fundamental of Timber, Steel & Concrete Structure * Building Services * Railway & Irrigation * Surveying * Estimating & Specification * Civil Engineering Drawing * Workshop | ၄ ၃ ၃ ၂ ၆ ၆ ၆ ၄ |
စာသင်ချိန်တစ်ချိန်လျှင် (၁)နာရီ၊ တစ်နေ့လျှင် (၇)ချိန်၊ တစ်ပတ်လျှင် (၃၅)ချိန် သင်ကြားရပါသည်။ ဘာသာရပ်ဆိုင်ရာ လက်တွေ့(Practical)လုပ်ငန်းများ နှင့် တတ်မြောက်မှုစစ်ဆေးခြင်း(Tutorial) လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ရပါသည်။
အရည်အချင်းသတ်မှတ်သည့်စနစ် (Grading System)
၁။ Exam marks : 81 to 100 (Grade _ A)
၂။ Exam marks : 61 to 80 (Grade _ B)
၃။ Exam marks : 41 to 60 (Grade _ C)
၄။ Exam marks : 21 to 40 (Grade _ D)
၅။ Exam marks : 0 to 20 (Grade _ E)