Breaking News

မြို့ပြအင်ဂျင်နီယာဌာန

   မြို့ပြအင်ဂျင်နီယာဘာသာရပ်ဆိုသည်မှာ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာဘာသာရပ် တစ်ခုဖြစ်ပြီး တံတားများ၊ လမ်းများ၊ တူးမြောင်းများ၊ ဆည်များ၊ အဆောက်အဦများ စသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဒီဇိုင်းထုတ်ခြင်း၊ တည်‌ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်သော ဘာသာရပ်တစ်ခုဖြစ်ပါသည်။


မြို့ပြအင်ဂျင်နီယာဌာန၏ အခြေခံကျသောဘာသာရပ်များ

၁။ Surveying _ကွင်းဆင်းတိုင်းတာခြင်းဘာသာရပ်

   Surveying_ကွင်းဆင်းတိုင်းတာခြင်းဘာသာရပ်ကို သင်ကြားရခြင်းဖြင့် အဆောက်အဦများတည်ဆောက်ရာတွင် အကွာအဝေးတိုင်းတာခြင်း၊ ပန္နက်ရိုက်ခြင်း၊ မြေမျက်နှာပြင် အနိမ့်အမြင့်တိုင်းတာခြင်း၊ လမ်းအူကြောင်းဖောက်လုပ်ရာတွင် တိုင်းတာခြင်း စသည့်လုပ်ငန်းများတွင် အသုံးချနိုင်မည် ဖြစ်ပါသည်။

၂။ Estimate ဘာသာရပ်

   Estimateဘာသာရပ်ကို သင်ကြားရခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ အသေးစိတ်တွက်ချက်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

၃။ Civil Engineering Drawing ဘာသာရပ်

   Civil Engineering Drawing ဘာသာရပ်ကို လေ့လာသင်ကြားရခြင်းဖြင့်လည်း အဆောက်အဦများ၏ Details Drawing များကို ကောင်းစွာနားလည် သဘောပေါက်နိုင်ပါမည်။

၄။ Design of Concrete Structureဘာသာရပ်

   Design of Concrete Structureဘာသာရပ် Design of Concrete Structureဘာသာရပ်ကို သင်ကြားရခြင်းဖြင့် အဆောက်အဦများ၏ တိုင်များ၊ ထုပ်များ၊ ကြမ်းခင်းများ၊ Footingများတွင် သံချောင်းတပ်ဆင်ခြင်းလုပ်ငန်းများကို ကောင်းစွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၅။ Workshopဘာသာရပ်

   Workshopဘာသာရပ်တွင် ကျောင်းသား/သူများအား လက်သမားအတတ်ပညာ၊ ပန်းရန်အတတ်ပညာများတွင် အသုံးပြုသောပစ္စည်းများနှင့် အကျွမ်းတဝင်ရှိစေရန်နှင့် လက်သမားအတတ်ပညာ၊ ပန်းရန်အတတ်ပညာများကို လုပ်ငန်းခွင်တွင် ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်စေရန် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။


   သို့ဖြစ်ပါ၍ မြို့ပြအင်ဂျင်နီယာသင်တန်း (၃)နှစ် ပြီးမြောက်အောင်မြင်ထားသူများသည် ပူတာအိုဒေသ၏ အနာဂတ်တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီအားဖြည့်ပေးနိုင်မည့် Efficient Workers များအနေဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်လိမ့်မည် ဖြစ်ပါသည်။


               မြို့ပြအင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

စဉ်အမည်ရာထူးပညာအရည်အချင်း
‌ဒေါ်ဝါဝါလင်းကထိကB.E (Civil)
ဒေါ်သွယ်သွယ်လက်ထောက်ကထိကB.E (Civil)
ဒေါ်သန္တာဝင်းလက်ထောက်ကထိကAGTI(Civil)
(B.E - Training)
ဒေါ်အိကေကြူနည်းပြM.E (Civil)
ဒေါ်အိဇာခြည်ဝင်းနည်းပြB.E (Civil)
ဒေါ်ကေသွယ်မိုးဓါတ်ခွဲကျွမ်းကျင်(၄)AGTI(Civil)
ဒေါ်ထဖူးနင်တန်ဓါတ်ခွဲကျွမ်းကျင်(၄)AGTI(Civil)