ငွေစာရင်းဌာနခွဲ၏လုပ်ငန်းတာဝန်များမှာ ရသုံးမှန်းခြေစာရင်းများရေးဆွဲခြင်း၊ ရငွေသုံးငွေများကို ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးစွဲခြင်း၊ လချုပ်နှစ်ချုပ်စာရင်းပြုစုခြင်း၊ ဌာနတွင်းနှင့် ဒေသစာရင်းစစ်ရုံးမှ စစ်ဆေးရန်အတွက် ပြင်ဆင်ရှင်းလင်းခြင်း၊ ဝင်ငွေခွန်၊ အိမ်လခ၊ အသက်အာမခံကြေး၊ သက်သာကြေး၊ အစရှိသည်တို့ကို လစာငွေမှ ဖြတ်တောက်ရယူပေးသွင်းခြင်းနှင့် လွဲပြောင်းပေးခြင်းစာရင်းများ စနစ်တကျ ပြုစုခြင်းတို့ဖြစ်ပါသည်။
ငွေစာရင်းဌာနခွဲရှိ ဝန်ထမ်းအင်အားစာရင်း
စဉ် | အမည် | ရာထူး | ပညာအရည်အချင်း |
၁ | ဒေါ်လန်ဝမ်ခေါ်ရှင်း | စာရင်းကိုင်(၁) | B.Com |
၂ | ဒေါ်နန်ခေါ့နန်မိုင် | စာရင်းကိုင်(၃) | B.Sc(Zoo), LCCI(Level 3) |